သက္ကရာဇ်ခရီးနှင့် လမ်းလျောက်ခြင်း

September 10, 2008

သက်ရှိပုဂ္ဂိုလ်သုံးဦးသည် ခုံရှည်တစ်ခုပေါ်တွင် ထိုင်နေကြ၏။ ¤င်းတို့အနက် ပထမဆုံးပုဂ္ဂိုလ်မှာ အသက်အလွန်ရင့်ရော်နေသကဲ့သို့ ရှိသည်။ အသားအရေမွဲခြောက်ခြောက်၊ ဆံပင် ဖို့ရို့ဖားလျား။ စိတ်ကျ ဝေဒနာသည်တစ်ဦးနှင့် အလွန်တူလှသည်။ အလယ်ခေါင်မှ ဒုတိယ ပုဂ္ဂိုလ်မှာ တက်တက်ကြွကြွရှိ၏။ ဂဏှာမငြိမ်လှဘဲ အလွန်လှုပ်လှုပ်ရှားရှား နိုင်လှသည်။  အရွယ်ကလည်း သက်လတ်ပိုင်းဖြစ်၍ အသားအရေ အလွန်စိုပြည်သည်။ သို့သော် သာမန်ကျန်းမာရေးများ မကြာခဏ ချို့တဲ့တတ်၏။ တတိယပုဂ္ဂိုလ်မှာ အငယ်ဆုံးနှင့် စကားပြောအသန်ဆုံး၊ အကြွားဝါဆုံးလူတစ်ယောက်ပင်။ အတွေ့အကြုံ အလွန်နည်းပါးဟန်ရှိ၍ လောက၏ကန့် သတ်ချက်များကို အလွန်စိန်ခေါ်တတ်လေ့ရှိ၏။
”လူတွေဟာ သိပ်ကြည်ညိုဖို့ကောင်းတယ်ဗျာ”
တတိယပုဂ္ဂိုလ်က ကျန်နှစ်ယောက်ကိုမကြည့်ဘဲ စကား စပြော၏။ ကျန်ပုဂ္ဂိုလ်နှစ်ယောက်မှာ ထိုပုဂ္ဂိုလ်၏စကားကို မကြားသလို ပင်နေ၏။ သူတို့လည်း ဤသို့ပင် ငယ်ရာမှကြီးလာရသူများ ဖြစ်သည်။
”နောင်ကြီးအနေနဲ့ လူတွေကိုဘယ်လိုမြင်သလဲ”
ဤမေးခွန်းကို အမေးခံရသူမှာ ဒုတိယပုဂ္ဂိုလ်ဖြစ်၏။ သူသည် ဤမေးခွန်းအတွက် အလွန်စိတ်ကုန်နေသူတစ်ဦးဖြစ်သည်။ သို့သော် သူ့အဖို့ ဤမေးခွန်းကို မဖြေဘဲလည်း မနေနိုင်။ အဖြေကလည်း သူ့ ထံတွင် အစဉ်အမြဲ ရှိနေတတ်သည်ချည်းပင် ဖြစ်၏။
”လုတွေဟာ သစ္စာတရားအလွန်နည်းတဲ့ သတ္တ၀ါမျိုးပဲလို့ ကျွန်တော်မြင်တယ်”
ဒုတိယပုဂ္ဂိုလ်၏ လွယ်လွယ်ကူကူ ဆုံးဖြတ်ချက်ပေး၍ ကောက် ချက်ချခြင်းကို တတိယပုဂ္ဂိုလ်အနေဖြင့် လက်မခံချင်ပေ။ ထို့ကြောင့် တစ်ဖက်အစွန်မှ ပထမပုဂ္ဂိုလ်အား ထပ်တူတောင်းရန်ပြင်လိုက်၏။ ပထမပုဂ္ဂိုလ်သည် အလွန်ကြေကွဲစွာစဉ်းစားလိုက်ပြီးမှ။
”ကျုပ်အမြင်မေးမယ်ဆိုပါတော့။ ကျုပ်အတွေ့အကြုံအရတော့ လူတွေဟာ အမှတ်သည်းခြေအလွန်နည်းပြီး ရူးသွပ်နေကြတဲ့ သတ္တ၀ါ တွေလို့ပဲမြင်တယ်” ဟူ၍ ခပ်တိတိပြောလိုက်သည်။ ပထမ ပုဂ္ဂိုလ်၏  စကားကို ကြားလိုက်ရသောအချိန်တွင် တတိယပုဂ္ဂိုလ်ရော၊ ဒုတိယ ပုဂ္ဂိုလ်ပါ အလွန်အံ့အားသင့်သွားကြ၏။
တတိယပုဂ္ဂိုလ်ကား ထိုပထမပုဂ္ဂိုလ်အား မလိုတမာကြည့်ရင်း ဒုတိယပုဂ္ဂိုလ်အား ပြောလိုက်သည်။
”လူတွေက ကျွန်တော့်ကို တော်တော်အလေးထားကြသဗျ၊ လူတစ်ယောက်ရဲ့ ဘ၀မှာ ဘယ်ဟာက အရေးကြီးဆုံးလို့ထင်လဲ။ ကျွန်တော်ကတော့ စိတ်ကူးနဲ့ ကြိုတင်ကြံဆတီာပေီမနော ပဲ။ လူ တစ်ယောက်မှာ တီထွင်ကြံဆတတ်တဲ့စွမ်းအား ဃမနအေငလငအပ ဆိုတာ ရှိတယ်။ နိစ္စဓူဝအလုပ်တွေထဲမှာချည်း ကျင်လည်ရင်း အချိန်ကုန်ဆုံးခဲ့တဲ့ လူတွေဟာ သေသာသွားတယ်။ သူတို့ရဲ့စွမ်းအားကို အသုံးမချလိုက်ရဘူး။ တီထွင်ကြံဆတတ်တဲ့ စွမ်းအားကိုသာ လူတွေမှန်မှန်ကန်ကန်အသုံးချ နိုင်ရင် လောကကြီးဟာ ပျော်ရွှင်ရာအတိပြီးတဲ့ ဘုံဗိမာန်တစ်ခုဖြစ်လာ လိမ့်မယ်။ ကျွန်တော့်မှာ အဲဒီကိစ္စဖြစ်ပ်ါလာဖို့ ဖြစ်နိုင်ချေတွေ အများ ကြီးပိုင်ဆိုင်ထားတယ်”
ဒုတိယပုဂ္ဂိုလ်က လက်ပတ်နာရီကို ကြည့်ရင် စကားထောက် လိုက်သည်။
”နေပါဦး၊ ဒါနဲ့ လူတွေကို ဘာလို့ခင်ဗျားက လေးစားမိတာလဲ”
”အိုဗျာ၊ ခင်ဗျားပဲစဉ်းစားကြည့်ပါ၊ လူတွေရဲ့ စွမ်းအားဟာ မယုံကြည်နိုင်လောက်အောင် ထက်မြက်ကြတယ်၊ ထူးချွန်ကြတယ်၊ သူတို့ဟာ သဘာဝတရားကြီးကို သူတို့ရဲ့စွမ်းရည်တွေနဲ့ ခုခံကာကွယ် နိုင်ကြတယ်။ လက်တွေ့ကျတဲ့ ကြိုတင်ပြင်ဆင်မှုတွေကို လုပ်ဆောင်နိုင်ကြ တယ်။ လူတွေဟာ သြကာသလောကရဲ့ နတ်ဘုရားတွေပဲ မဟုတ်လား။ အနာဂတ်အတွက် သူတို့ရဲ့ ရာထားချက်တွေ၊ စီမံကိန်းတွေနဲ့ ကမ္ဘာ့မြေ ကြီး လှသထက်လှအောင် စိတ်ကူးကြံစည်ထားကြတယ်လေ။ ဒါနဲ့ ခင်ဗျားမို့ လူတွေကို ပစ္စလက္ခတ် ဝေဖန်ရက်တယ်ဗျာ”
တတိယပုဂ္ဂိုလ်၏ စကားအဆုံးတွင် ဒုတိယပုဂ္ဂိုလ်သည် သူ့အယူအဆနှင့် သူ့ဘ၀၏ ပစ္စက္ခပြဿနာများကိုပြောပြရန် ဟန်ပြင် လိုက်၏။ ဤသည်ကို ပထမပုဂ္ဂိုလ်က ကြိုတင်သိရှိလိုဟန်ဖြင့် မချိုမ ချဉ်ပြုံးကာ အဝေးသို့သာ ငေးရီနေလေသည်။
”ကျွန်တော့်အပေါ်မှာ လူတွေအသိအမှတ်ပြု လွဲနေတာတွေ ပေါ့ဗျာ။ ကျွန်တော်ပိုင်ဆိုင်ထားတဲ့ အရည်အချင်းတွေထဲက သာမန် အရည်အချင်းတချို့သာ သူတို့လုပ်ကိုင်နေကြတယ်။ ကျွန်တော့်အပေါ်မှာ ကြိုတင်ထားခဲ့တဲ့ ရည်ရွယ်ချက်၊ ရည်ñွှန်းချက်တွေဟာ သူတို့ရဲ့ မသေသပ်လှတဲ့ အကြောင်းပြချက်တွေရဲ့ ဆွဲဖျက်ခြင်းကို ခံနေကြရတယ်။ ကျွန်တော်ဟာ တကယ်တော့ သိပ်စိတ်ကူးယဉ်ခဲ့ဖူးတာပေါ့။ (ဤတွင် တတိယပုဂ္ဂိုလ်မှာ အနည်းငယ်အောင့်သက်သက်ဖြစ်သွားရသည်။) ဒါပေ မယ့်ဗျာ၊ ကျွန်တော်က အပြုခံသက်သက်ကိုး။ လူတွေက ကျွန်တော့် အပေါ် အလေးထားဂရုမူမှ ကျွန်တော့်ရဲ့ အမြင့်မားဆုံးအရည်အသွေးတွေ ပေါ်လာမှာ မဟုတ်လား။ ကျွန်တော်ရဲ့ဘ၀မှာ လူတွေအကျိုးအတွက် ဆန်းသစ်ခြင်း၊ တိုးတက်ခြင်းတွေနဲ့ အဓိပ္ပာယ်တွေ အပြည့်ရှိတာပေါ့။ ဒါတွေကို အသိအမှတ်ပြုတဲ့သူတွေကတော့ ဒီကမ္ဘာဂြိုဟ်ရဲ့ သက်ရှိလူသား ငါးပုံတစ်ပုံလောက်တော့ ရှိပါရဲ့။ ဒါပေမယ့်ဗျာ၊ ဒီလူတွေကရော ဘာ သားနဲ့ထုထားလို့လဲ။ သူတို့ရဲ့ စားဝတ်နေရေးတို့၊ လူနေမှုမနိမ့်ကျရေးတို့နဲ့ အကြောင်းပြပြီး ကျန်တဲ့လေးပုံထဲကို ပြန်ဝင်သွားကြတယ်။ ဘ၀ဆိုတာ ပြဿနာဖြေရှင်းခြင်းပဲဗျ။ ခင်ဗျားစဉ်းစားကြည့်စမ်းပါဗျာ၊ လူရယ်လို့ ဖြစ်လာရင် ဘယ်သူမဆို ပြဿနာတွေကိုပဲ ဖြေရှင်းနေကြရတာပဲ။ လူတွေအဖို့တော့ စားတာဟာလည်း ပြဿနာပဲ။ နေဖို့ထိုင်ဖို့ကလည်း ပြဿနာပဲ။ အိမ်ထောင်မှုတည်ဆောက်တာဟာလည်း ပြဿနာပဲ။ နေ့စဉ် အသေးအဖွဲတွေအားလုံးဟာလည်း ပြဿနာပဲ။ လူတွေဟာ ဒီပြဿနာ တွေကို ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ဖြေရှင်းနေကြတယ်။ ဒါပေမယ့်ဗျာ ဒီပြဿနာဖြေရှင်းခြင်းတွေဆိုတာ ဟိုးလူ့သမိုင်းမစတင်ခင်ကတည်းက ရှိနေခဲ့တဲ့ ဖြစ်စဉ်တစ်ခုပါ။ ပြဿနာပုံစံနဲ့ ပြဿနာဖြေရှင်းပုံနည်း လမ်းသာ ပြောင်းလဲတိုးတက်ခဲ့မယ်။ ကျောရိုးကတော့ အတူတူပဲ။ ဒါနဲ့များဗျာ၊ ဒီကိစ္စလေးတွေကိုပဲ အကြောင်းကြီးလုပ်ပြပြီး သူတို့ပေးထား တဲ့ ကတိစကားတွေ၊ အကောင်းဆုံးလို့ ယုံကြည့်ခဲ့တဲ့ စိတ်ကူးနဲ့ ဖော်ထုတ်လုပ်ကိုင်မယ်ဆိုတဲ့ ရည်မှန်းချက်တွေကို ဖျက်ပစ်ရော။ တကယ် တမ်းတော့ ခင်ဗျားပြောသလို စိတ်ကူးနဲ့ ကြိုတင်ကြံဆတာဟာ သဘာ ၀တရားကြီးက လူဆိုတဲ့သတ္တ၀ါတစ်မျိုးထဲကို မျက်နှာလိုက်တပ်ဆင်ပေး ထားတဲ့ အမြင့်မြတ်အကောင်းမွန်ဆုံး ဆုထူးကြီးပါ။ (ဤတွင် တတိယ ပုဂ္ဂိုလ်ရော၊ ပထမပုဂ္ဂိုလ်ပါ မတိုင်ပင်ရဘဲ စိတ်ထဲမှာကျိတ်၍ သဘောတူ လိုက်ကြ၏။) ဒါပေမယ့် ကိုယ့်အိပ်မက်ကို ဘယ်သူများ ကျားကုပ်ကျားခဲ အကောင်အထည်ဖော်ရဲသလဲ။ ဖော်ခဲ့သလဲ။ အိပ်မက်တွေရှိခဲ့ပြီး တကယ် အကောင်အထည်ဖော်ခဲ့ကြသူတွေကို စာရင်းဆွဲကြည့်မယ်ဆိုရင် ကျွန် တော်ပြောရဲတယ်။ ဆယ်ပုံတစ်ပုံ မပြည့်တပြည့်ပဲ ရှိမယ်ထင်တယ်။ ဒါကြောင့်မို့ လူတွေဟာ သစ္စာတရားအလွန်နည်းတဲ့ သတ္တ၀ါပဲလို့ ကျွန် တော် ပြောလိုက်တာပါ”
ဒုတိယပုဂ္ဂိုလ်သည် ပြောချင်နေသည်ကို ပြောလိုက်ရသဖြင့် စိတ်လက်ပေါ့ပါးသွားဟန်ရှိသော်လည်း သူ့ရင်ထဲတွင်တော့ သိပ် မကောင်းလှပေ။ သူ့ကိုယ်သူလည်း အလွန်ယူကြုံးမရဖြစ်နေတော့သည်။
ဤတွင် တတိယပုဂ္ဂိုလ်က ပထမပုဂ္ဂိုလ်ဘက်သို့ တစ်ချက် လှည့်ကြည်လိုက်သည်။ ဒုတိယပုဂ္ဂိုလ်ကလည်း ခေါင်းငုံ့လျက်မှ မော်ကြည့် ၏။ ပထမပုဂ္ဂိုလ်မှာ ပို၍ ရင့်ရော်သွားသည်ဟုပင် ထင်ရလေသည်။ သူ့မျက်နှာသည် ညိုနေ၏။ မျက်လုံးများမှ မှိုင်းရီနေသည်။ အသားအရေ မွဲခြောက်ခြောက်နှင့် ဆံပင်ဖို့ရို့ဖားလျားနိုင်လွန်း၍လည်း သိပ်အကျည်း တန်နေ၏။
”ခင်ဗျားတို့ မမေးဘဲနဲ့ ကျုပ်ဖြေပါရစေ။ လူတွေဟာ ခင်ဗျား တို့ပြောသလို မှန်သင့်သလောက် မှန်ပါတယ်။ (ဤတွင် ကျန်နှစ်ယောက် သည် ပညာရှိဆရာကြီးဆန်လှသည့် စကားအတွက် နှာခေါင်းရှုံ့သွားကြ ရပြီး ပြုံးစစဖြစ်သွားကြ၏။) ဒါပေမယ့် လူတွေဟာ သူတို့ဘ၀မှာရတဲ့ အချိန်ကာလ အတိုလေးကို နိဝရဏတရားတွေနဲ့ အချိန်ပြည့် သုတ်လိမ်း နေကြသည်။ လူအချင်းချင်းပဲဗျာ၊ ရတဲ့ ချိန်လေးမှာ သာယာအောင် စိုပြေငြိမ်းချမ်းအောင် လူ့ဘောင်လောကတိုးတက်အောင် သင့်တင့်အောင် နေကြရမှာပေါ့။ ရုပ်ဝတ္ထုပစ္စည်းတွေဟာ ဒီလူတွေရဲ့ ဖန်တီးမှုတွေပဲ မဟုတ်လား။ ဒါပေမယ့် လူတွေဟာ သူတို့မွေးထားတဲ့ ထမင်းလုံး တစ္ဆေက သူတို့ပြန်ချောက်တာကို ခံနေကြရတယ်။ ဒီလို ခံနေကြရတာ ကိုပဲ သူတို့ကျေနပ်နေလိုက်ကြသေးတယ်။ လောကမှာ လူထက်တန်ဖိုး ရှိတာ လူဆန်တဲ့ဘ၀ထက် တန်ဖိုးရှိတာရှိသေးလားဗျာ၊ အသားအရေ ကွဲပြားတာ၊ လူမှုစရိုက်ကွာတာ၊ ဒါပြဿနာအစစ်မှ မဟုတ်ဘဲကလား။ တကယ်တော့ ဒီကမ္ဘာမြေကြီးကို ဒီကမ္ဘာသားတွေအားလုံးကပဲ ပိုင်ဆိုင် ထားကြတာပါ။ ဘယ်အဟိတ်တိရစ္ဆာန်ကမှ ဘယ်ပြင်ပဂြိုလ်သားတွေကမှ မလွှမ်းမိုး၊ မချုပ်ကိုင်၊ မပိုင်ဆိုင်ပါဘူး။ ဒါကိုများ ဘာလို့အကြောင်းမရှိ အကြောင်းရှိ မာန်မာနတွေထားကြသလဲ၊ လောဘတရားတွေ၊ မစ္ဆရိယ စိတ်တွေမွေးကြသလဲ။ လူဆိုတာ ကမ္ဘာမြေကြီးရဲ့ စောင့်ရှောက်မှုနဲ့ ကြီးပြင်းလာခဲ့ရတာ၊ ပြီးတော့ သူ့ခန္ဓာကိုယ်ကို ကမ္ဘာမြေကြီးရဲ့ အစိတ် အပိုင်းတစ်ခုအဖြစ် ပေးဆပ်ထားခဲ့ရမယ်။ ဘယ်လိုရုပ်ဝတ္ထုပစ္စည်း တွေများ အပိုယူသွားချင်လဲဗျာ၊ ဘယ်သူတွေအတွက် ဒီရုပ်ပစ္စည်း တွေကိုပဲ သက်သက်အမွေစစ် အမွေမှန်အဖြစ်ပေးခဲ့ချင်သေးလဲ။ ဒါတွေ မသိလို့လားဆိုပြန်တော့ မဟုတ်ပြန်ဘူး။ သူတို့သိကြပါတယ်။ ဒါပေမယ့် တကယ်မခံစားနိုင်ကြတာ။ မခံစားရဲကြတာ။ မခံစားချင်ကြတာ။ သူတို့ ရာစုနှစ်မှာတင်လားဆိုတော့ မဟုတ်ဘူး။ အရင်လူတွေလည်း ဒီလိုပဲဖြစ် သွားကြရတာပဲ။ ဒါပေမယ့် သူတို့မှာ အမှတ်သည်းခြေမရှိဘူး။ ဒါကိုသိတဲ့ လူ၊ ဒါကိုအမှတ်သည်းခြေထားတဲ့လူဆိုတာတော့ စောစောက ဒီလူ (အလယ်တွင်ထိုင်နေသော ဒုတိယလူကိုကြည့်သည်။) ပြောတာထက် အဆရာထောင်မက နည်းပါတယ်။ လူတွေဟာ ဒီနိဝရဏစိတ်တွေရဲ့ ဖိစီးမှုကို သူတို့ရဲ့ ၀မ်းတွင်းပါအင်္ဂါတစ်ရပ်လို့ပဲ ခံယူထားကြတယ်။ ဒီနေရာမဟာ တိရစ္ဆာန်တွေကမှ တော်သေးတယ်။ သူတို့ကမှ ရိုးသား တယ်၊ အသိတရားမရှိလို့ မိုက်မဲတယ်လို့ မဆိုသာဘူး။ သူတို့ရဲ့ဘ၀က သူတို့ဖြစ်ပေါ်လာတဲ့  ခေတ်ကိုလည်းကအတိုင်း မပြောင်းလဲဘူး။ ဒါဟာ စိတ်ကူးယဉ်တွေးတောမှုဆိုတဲ့ ဆုလာဘ်ကို သဘာဝတရားက ကန့်သတ်ထားခဲ့လို့ပဲ။ လူတွေကတော့ဗျာ အသိတရားရှိလျက်နဲ့ မိုက်မဲတယ်၊ ရက်စက်တယ်၊ ရူးသွပ်ကြတယ်၊ ပြဿနာမဟုတ်တာတွေ ကို ပြဿနာထပ်လုပ်တယ်။ ရှိပြီးသားပြဿနာတွေကို မတော်မလျော်တဲ့ ဖြေရှင်းနည်းတွေနဲ့ ကစားကြည့်ကြတယ်။ လူတွေရဲ့ ရုပ်ပစ္စည်းဖန်တည်းမှု တွေသာ အဆင့်အတန်းမြင့်လာခဲ့တယ်။ စာရိတ္တပိုင်းကတော့ တော်တော် ချွတ်ယွင်းခြုံကျသွားကြတယ်။ သိသိကြီးနဲ့ ကြောင်နေကြတယ်။ တချို့ လည်း ရောတိရောရာ ရူးသွပ်ကြတယ်။ အရင်ကလည်း ရူးသွပ်ခဲ့ကြတယ်၊ အခုလည်း ရူးသွပ်နေကြဦးမှာပဲ။ ကျုပ်စကားကို ခင်ဗျားတို့ ကြိုက် ချင်ကြိုက်၊ မကြိုက်ချင်နေပါ။ ဒါပေမယ့် မမေ့ကြစေချင်ဘူး”
ပထမပုဂ္ဂိုလ်သည် စကားစကိုဖြတ်၍ သက်မရှည်ကြီးတစ်ခုကို ချသည်။ အနောက်ဘက်တွင် နေလုံးကွယ်လုပြီဖြစ်၍ လောကဓာတ် သည် မှောင်ရီစပြုနေပြီ။
ထိုပထမပုဂ္ဂိုလ်သည် ထိုင်ရာမှထလိုက်၏။ ထို့နောက် ဒဏ်ရာ အပြည့်နှင့်လူတစ်ယောက်လို ယိုင်နဲ့စွာ အမှောင်ထုထဲသို့ ဦးတည် လမ်းလျောက်သွားလေသည်။
အမှောင်ပျိုးလာသည်နှင့်အတူ ဒုတိယပုဂ္ဂိုလ်သည်လည်း ပထမပုဂ္ဂိုလ်၏နေရာသို့ အလိုလျောက် တရွေ့ရွေ့တိုးရွေ့နေရပြီဖြစ်သည်။
ဒုတိယပုဂ္ဂိုလ်သည် ပထမပုဂ္ဂိုလ်အား စိတ်မကောင်းစွာ ငေး စိုက်ကြည့်နေမိ၏။ ထိုစဉ် ပထမပုဂ္ဂိုလ်၏ ကျောပြင်တွင် ပြယ်လွင့်စ စာတန်းတစ်ခုရှိနေသည်ကို မမျော်လင့်ဘဲ တွေ့လိုက်ရသည်။ ¤င်းစာမှာ ”ယမန်နေ့” ဟူ၍ ဖြစ်သည်။ ဒုတိယပုဂ္ဂိုလ်သည် စာတန်းကြောင့် ရုတ်တရက် ဇဝေဇ၀ါခံစားသွားရပြီး သူ၏ ရင်ဘတ်ကိုငုံ့ကြည့်မိ၏။
သူ့ရင်ဘတ်ရှိ ”ယနေ့” ဟူသော စာတန်းမှာ အရောင်ပင် ပြယ်နေပြီဖြစ်ကြောင်း ၀မ်းနည်းစွာ တွေ့လိုက်ရလေသည်။      ။

နေထွတ်

———————–

ပန်းဝေသီမဂ္ဂဇင်း။ နိုဝင်ဘာလ၊ ၁၉၉၆။

—————————–

Advertisement

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.